မြန်မာပြည်ရဲ့ လျှပ်စစ်မီးအရေး စိတ်အေး ရပါပြီ (ပြည်သူ့အစိုးရရဲ့ အောင်မြင်မှုတခု)

မြန်မာပြည်ရဲ့ လျှပ်စစ်မီးအရေး စိတ်အေး ရပါပြီ (ပြည်သူ့အစိုးရရဲ့ နောက်ထပ် အောင်မြင်မှုတခု)

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆိုက်ကပ်လာသော

အလျား(၂၇၂) မီတာ၊ တန်ချိန်(၁၀၆၂၈၃)ရှိသော CNTIC VPOWER ENERGY (LNG TO POWER)

သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်း အကွက်အမှတ်(၁၄) Dolphin Jetty သို့

နိုဝင်ဘာလ (၂၆)ရက်နေ့က ဆိုက်ကပ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောကြီးသည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး သီလဝါဆိပ်ကမ်းအကွက်အမှတ်

(၁၄) ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် ၅ နှစ်ကြာဆိုက်ကပ်ရပ်နား၍

LNG Cargo များအား လက်ခံသိုလှောင် သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့်

ပို့ဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေ အတွက် Challenge ကို အောင်မြင်စွာဆောင်ရွက်ပြီးပါပြီ..

သီလဝါ Plot(14) MCV Terminal မှာ Floating Storage Unit (FSU) အဖြစ် ၅ နှစ်တာ

ဆိုက်ကပ်ထားမဲ့ CNTIC V-Power Energy သင်္ဘော ကို ည ၂၃း၃၀ ချိန်မှာ ပင်လယ်ပြင်ကနေ

ရေကြောင်းပြမှူးကြီး ဦးထွန်းထွန်းအောင်နဲ့အတူ မောင်းဝင်ပြီး ၀၃း၃၀ ချိန် NEA မှာကျောက်ချ ရေစောင့်ခဲ့ပါတယ်..

၀၈း၃၀ ချိန်မှာ ရေကြောင်းပြမှူးကြီး ဦးမျိုးအေးသိန်းနဲ့အတူ MCV Terminal မှာ ဆိုက်ကပ်ခဲ့ပါတယ်..

အလျှား ၂၇၂ မီတာ တန်ချိန် ၁၀၆၂၈၃ တန်ရှိတဲ့အတွက် ရန်ကုန်မြစ် သမိုင်းတစ်လျှောက်

စံချိန်တင် အကြီးဆုံး ဝင်ရောက်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်.. အောင်မြင်စွာဆိုက်ကပ်နိုင်ရေးအတွက်

အနီးကပ် ရေပြင်ထိလိုက်လံအားပေးညွှန်ကြားပေးပါသော ဌာန အကြီးအကဲ နှင့်တစ်ကွ

Tug boat Launch boat နှင့် Crew များအားလုံး ရုပ်သံရိုက်ကူးရေး နှင့် သတင်းဌာနမှ သတင်းထောက်များ

နှင့် ရိုက်ကူးရေး တာဝန်ခံ ဦးကျော်ဝဏ္ဏ တို့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ..

Winmyint Aung




















Winmyint Aung