ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး

0
108

ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး

ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး

ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး

ဇော်သစ်ဦး/ဧရာဝတီတိုင်းမ်(ငါးသိုင်းချောင်း)နိုဝင်ဘာလ ၂၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ရှိ အပေါင်ဆိုင်တဆိုင်က ၎င်းတို့ဆိုင်၌ လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားများကို

အပေါင်လက်မှတ်ပြပါက အခမဲ့ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းဆိုင်ပိုင်ရှင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

၎င်းဆိုင်မှာ ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်ဖြစ်ပြီး

ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့်အနေဖြင့် ဆိုင်တွင် လာရောက်ပေါင်နှံထားသည့်

စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ပြန်ပေးခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။

“ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ ဆိုင်မှာပေါင်ထားတဲ့ စက်ဘီးနှင့်ဆိုက်ကားကို အပေါင်လက်မှတ်ပြပါက အခမဲ့ ပြန်ပေးပါတာ”ဟု

ဆိုင်ရှင်ဖြစ်သူ မခင်မာကြူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်း၏ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးအစီးရေ ၅၀ ကျော်နှင့် ဆိုက်ကား ၃၀ ကျော်ရှိနေကြောင်း ဆိုင်၏စာရင်းများအရ သိရသည်။

ယခုလိုကပ်ရောဂါအချိန်တွင် စီးပွားရေး အဆင်မပြေသဖြင့် ပေါင်ထားသည့် ပစ္စည်းကို အခမဲ့ပြန်ပေးသည့်အတွက် ဝမ်းသာပြီး

ဆိုင်ပိုင်ရှင်အား အထူးကျေးဇူးတင်ပါကြောင်း စက်ဘီးနှင့်ဆိုက်ကားများကို လာရောက်ထုတ်ယူသူများ ထံမှသိရသည်။

ဓာတ်ပုံ – ဇော်သစ်ဦး(ဧရာဝတီတိုင်းမ်)

ငါးသိုင္းေခ်ာင္းၿမိဳ႕ရွိ အေပါင္ဆိုင္တစ္ဆိုင္က အေပါင္ခံထားသည့္ စက္ဘီးႏွင့္ ဆိုက္ကားမ်ား အခမဲ့ျပန္ေပး

ငါးသိုင္းေခ်ာင္းၿမိဳ႕ရွိ အေပါင္ဆိုင္တစ္ဆိုင္က ကိုဗစ္ကာလမွာ ေထာက္ပံ့တဲ့အေနနဲ႔ အေပါင္ခံထားသည့္ စက္ဘီးႏွင့္ ဆိုက္ကားမ်ား အခမဲ့ျပန္ေပး

ငါးသိုင္းေခ်ာင္းၿမိဳ႕ရွိ အေပါင္ဆိုင္တစ္ဆိုင္က အေပါင္ခံထားသည့္ စက္ဘီးႏွင့္ ဆိုက္ကားမ်ား အခမဲ့ျပန္ေပး

ေဇာ္သစ္ဦး/ဧရာဝတီတိုင္းမ္(ငါးသိုင္းေခ်ာင္း)နိုဝင္ဘာလ ၂၄ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခရိုင္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕ ရွိ အေပါင္ဆိုင္တဆိုင္က ၎တို႔ဆိုင္၌ လာေရာက္ေပါင္ႏွံထားသည့္ စက္ဘီးႏွင့္ဆိုက္ကားမ်ားကို

အေပါင္လက္မွတ္ျပပါက အခမဲ့ျပန္ေပးမည္ ျဖစ္ေၾကာင္း ၎ဆိုင္ပိုင္ရွင္၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

၎ဆိုင္မွာ ငါးသိုင္းေခ်ာင္းၿမိဳ႕ ေအာင္ဆန္းရပ္ကြက္ဘုရင့္ေနာင္လမ္းတြင္ ဖြင့္လွစ္ထားေသာ အေပါင္ဆိုင္ျဖစ္ၿပီး

ကိုဗစ္ကာလ အေျခခံလူတန္းစားမ်ားကို ေထာက္ပံ့သည့္အေနျဖင့္ ဆိုင္တြင္ လာေရာက္ေပါင္ႏွံထားသည့္

စက္ဘီးႏွင့္ ဆိုက္ကားမ်ားကို အခမဲ့ျပန္ေပးျခင္း ျဖစ္ေၾကာင္း ဆိုင္ပိုင္ရွင္ထံမွ သိရသည္။

“ကိုဗစ္ကာလမွာ ေထာက္ပံ့တဲ့အေနနဲ႔ ဆိုင္မွာေပါင္ထားတဲ့ စက္ဘီးႏွင့္ဆိုက္ကားကို အေပါင္လက္မွတ္ျပပါက အခမဲ့ ျပန္ေပးပါတာ”ဟု

ဆိုင္ရွင္ျဖစ္သူ မခင္မာၾကဴက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

၎၏ဆိုင္တြင္ လာေရာက္ေပါင္ႏွံထားသည့္ စက္ဘီးအစီးေရ ၅၀ ေက်ာ္ႏွင့္ ဆိုက္ကား ၃၀ ေက်ာ္ရွိေနေၾကာင္း ဆိုင္၏စာရင္းမ်ားအရ သိရသည္။

ယခုလိုကပ္ေရာဂါအခ်ိန္တြင္ စီးပြားေရး အဆင္မေျပသျဖင့္ ေပါင္ထားသည့္ ပစၥည္းကို အခမဲ့ျပန္ေပးသည့္အတြက္ ဝမ္းသာၿပီး

ဆိုင္ပိုင္ရွင္အား အထူးေက်းဇူးတင္ပါေၾကာင္း စက္ဘီးႏွင့္ဆိုက္ကားမ်ားကို လာေရာက္ထုတ္ယူသူမ်ား ထံမွသိရသည္။

ဓာတ္ပုံ – ေဇာ္သစ္ဦး(ဧရာဝတီတိုင္းမ္)