သိရှိသူအလွန်နည်းသေးတဲ့ သွားတိုက်ဆေးရဲ့ တခြားအသုံးဝင်ပုံများ
ကျွန်တော်တို့ နေ့စဉ် လူနေမှုဘဝရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေထဲမှာ သွားတိုက်ဆေးဟာ မရှိမဖြစ်ထဲမှာ ပါဝင်ပါလိမ့်မယ်။ သွားတိုက်ဆေးဆိုတာ သွားတိုက်ရုံတင်မကသေးဘဲ တခြားနည်းလမ်းတွေနဲ့ လူတွေကို အကျိုးပြုပါသေးတယ်။ ယနေ့ခေတ်သွားတိုက်ဆေးတွေထဲမှာ ပစ္စည်းပစ္စယတွေကိုပါ သန့်ရှင်းရေးလုပ်လို့ရတဲ့ ဒြပ်တွေ မြောက်များစွာ ပါဝင်ပါတယ်
(၁) ငွေထည်ပစ္စည်းတွေရဲ့ အနှစ်နှစ်အလလ ဂျီးတွေကို သွားတိုက်ဆေးနဲ့ ချွတ်လို့ရပါတယ်
(၂) ကားရှေ့မီးလုံး ကြည်လင်ပြတ်သားမှု မရှိရင် သွားတိုက်ဆေးနဲ့တိုက်၊ ရေနဲ့ဆေးလိုက်ပါ
(၃) စန္ဒယားခလုတ်တွေ ဝါကျင့်ကျင့် ဖြစ်နေပြီလား … သွားတိုက်ဆေးကို သတိရပါ
(၄) ရှူးဖိနပ်အဖြူတွေမှာ ညစ်ထေးတဲ့အရာတွေ ရှိနေရင်လည်း သွားတိုက်ဆေး သုံးလို့ရပါတယ်
(၅) သစ်သားပရိဘောဂတွေပေါ်မှာ အစွန်းအထင်းတွေ ဖြစ်နေရင်
(၆) စောင်တွေ၊ အဝတ်တွေအပေါ်က ဖျက်မရတဲ့အစွန်းအထင်းတွေကိုလည်း သွားတိုက်ဆေးက နိုင်ပါတယ်
(၇) စတီးနဲ့လုပ်ထားတဲ့ ရေပိုက်ခေါင်းတွေ၊ ကြွေသားဘေစင်တွေကိုလည်း သွားတိုက်ဆေးနဲ့ သန့်ရှင်းနိုင်ပါတယ်
(၈) မီးပူအောက်ခံစတီးပြားတွေ ညစ်ပတ်နေရင် သွားတိုက်ဆေးနဲ့ တိုက်ချွတ်ဆေးကြောပါ
(၉) ဖုန်းမှန်ပြင်နဲ့ နောက်ကြောမှာ အစင်းရာတွေ ရှိနေရင်
(၁၀) လက်သည်းသန့်ရှင်းရေးအတွက်
(၁၁) ငါး၊ အသားတွေကိုင်ပြီးလို့ ညှီစော်နံနေရင် သွားတိုက်ဆေးနဲ့ ဆေးနိုင်ပါတယ်
လင်းဇော်ကို
လင်းဇော်ကို