(၂၄)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း

0
61

(၂၄)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း

(၂၄)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄)နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄)နာရီအတွင်း အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မုန်တိုင်းငယ် (Depression) အဖြစ်အားကောင်းလာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီနောက် (၄၈)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ပြန်ကွေ့ပြီး အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း အနီးတို့မှာ အားကောင်း သောမုန်တိုင်းငယ် (Deep Depression) အဖြစ်ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်

အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် (၂၂.၁၀.၂၀၂၀)ရက်ကနေ (၂၄.၁၀.၂၀၂၀)ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ကာ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၇)ပေမှ (၁၀)ပေ ခန့်ရှိနိုင်တယ်လို့လည်း မိုး/ဇလကဖော်ပြထားပါတယ်

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းတာနဲ့ အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ လျှပ်တစ်ပြက် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ကိုလည်း မိုး/ဇလက အကြံပြုထား ပါတယ်။credit

(၂၄)နာရီအတြင္း မုန္တိုင္းငယ္ျဖစ္ေပၚနိုင္ေၾကာင္း

(၂၄)နာရီအတြင္း မုန္တိုင္းငယ္ျဖစ္ေပၚနိုင္ေၾကာင္း မိုး/ဇလ ထုတ္ျပန္

ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္(၂၄)နာရီ အတြင္း မုန္တိုင္းငယ္အျဖစ္ေရာက္ရွိနိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနကထုတ္ျပန္ပါတယ္။ အဲဒီေလဖိအားနည္းရပ္ဝန္းဟာ ေနာက္(၂၄)နာရီအတြင္း အေနာက္ေျမာက္ဘက္ကို ေရြ႕လ်ားၿပီး မုန္တိုင္းငယ္ (Depression) အျဖစ္အားေကာင္းလာနိုင္တယ္လို႔ဆိုပါတယ္။ အဲဒီေနာက္ (၄၈)နာရီအတြင္း ေျမာက္-အေရွ႕ေျမာက္ဘက္ကို ျပန္ေကြ႕ၿပီး အိႏၵိယ နိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္နိုင္ငံ ကမ္းရိုးတန္း အနီးတို႔မွာ အားေကာင္း ေသာမုန္တိုင္းငယ္ (Deep Depression) အျဖစ္ေရာက္ရွိနိုင္တယ္လို႔ ေဖာ္ျပထားပါတယ္

အဲဒီေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ (၂၂.၁၀.၂၀၂၀)ရက္ကေန (၂၄.၁၀.၂၀၂၀)ရက္အတြင္း စစ္ကိုင္းတိုင္း ေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးနဲ႔ မေကြးတိုင္းေဒသႀကီး တို႔မွာ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ရခိုင္ ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ ေနရာကြက္ၿပီး မိုးႀကီးတာေတြ ျဖစ္ေပၚနိုင္ကာ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ ပင္လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ မိုးသက္ေလျပင္းေတြက်ေရာက္ၿပီး၊ လွိုင္းအသင့္အတင့္မွ လွိုင္းႀကီးနိုင္တယ္လို႔ ဆိုပါတယ္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီကို (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါတယ္။ လွိုင္းအျမင့္မွာ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ (၇)ေပမွ (၁၀)ေပ ခန႔္ရွိနိုင္တယ္လို႔လည္း မိုး/ဇလကေဖာ္ျပထားပါတယ္

ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ ထစ္ခ်ဳန္းရြာသြန္းတာနဲ႔ အတူ ေလျပင္းတိုက္ခတ္တာ၊ လၽွပ္တစ္ျပက္ေရႀကီးတာ၊ ေျမၿပိဳတာေတြ ျဖစ္ေပၚနိုင္တာေၾကာင့္ ကုန္းျမင့္ေဒသအနီးမွာ ေနထိုင္သူေတြအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္ကိုလည္းေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြအနီး ေနထိုင္ၾကသူေတြအေနနဲ႔ လၽွပ္တစ္ျပက္ ေရႀကီး၊ ေရလၽွံမႈေတြျဖစ္ေပၚနိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ကိုလည္း မိုး/ဇလက အႀကံျပဳထား ပါတယ္။credit