ဒီနေ့မနက်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ရန်ပိုင်စိုးအတွက် ဝမ်းနည်းနှမြောမိကြောင်းပြောလိုက်တဲ့ မေ့ချစ်သက်

0
75

ဒီနေ့မနက်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ရန်ပိုင်စိုးအတွက် ဝမ်းနည်းနှမြောမိကြောင်းပြောလိုက်တဲ့ မေ့ချစ်သက်

ပရိသတ်ကြီးရေ ဒီနေ့ နေ့လည် (၁၁.၁၁) မိနစ်မှာတော့ အဆိုတော်ရန်ပိုင်စိုး(ခ) တာတူးလေး ဆုံးပါးသွားပြီလို့ သိရပါတယ်။ ဦးရန်ပိုင်စိုးကတော့ ဟိုးအရင်အချိန်တွေကတည်းက တည်ကြည်တဲ့မျက်နှာထား၊ ကြည်လင်တဲ့အသံကို ပိုင်ဆိုင်ထားသူတစ်ယောက်မို့ ရုပ်သံလိုင်းတွေရဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် အများဆုံးတွေ့မြင်ခဲ့ရသူပါ

ပရိသတ်အတွက် မြန်မာသံသီချင်းတွေလည်း အများကြီးသီဆိုဖျော်ဖြေခဲ့သလို မင်္ဂလာအခမ်းအနားမှူးတစ်ယောက်အဖြစ်လည်း ပရိသတ်တွေနဲ့ အသားကျခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုလို ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးရန်ပိုင်စိုးကတော့ ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီး နဂိုရောဂါအခံလည်း ရှိတာကြောင့် ဒီနေ့မနက် (၁၁.၁၁) မိနစ်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်

အခုလို မြန်မာသံတေးသံရှင်တစ်ယောက် ကြွေလွင့်သွားခဲ့တာနဲ့ပတ်သက်ပြီး တေးသံရှင်မေ့ချစ်သက်ကတော့ ဝမ်းနည်းနှမြောမိကြောင်း မျှဝေလာပါတယ်။ အလွန်ဝမ်းနည်းနှမြောမိတယ်ဘဘရေ။ပွဲတွေမှာဆုံတိုင်းမြန်မာသံစဉ်မျိုးဆက်သစ်လေးတွေညည်းတို့ကြိုးစားကြ ပညာလည်းတတ်အောင်သင်နော်လေ့လာပြီးထိန်းသိမ်းကြပါကွယ်လို့ ဆုံးမလေ့ရှိတဲ့ဘဘစကားပြောရင်အမြဲအပြုံးကအရင် တဖက်သားရွှင်မြူးအောင်ပြောတတ်တဲ့ဘဘရေ သမီးပြုသမျှကုသိုလ်အားလုးံအမျှပေးဝေပါတယ် ကောင်းရာသုဂတိလားပါစေ ဆိုပြီး ဝမ်းနည်းစွာမျှဝေခဲ့ပါတယ်

အမြဲတမ်းကြည်လင်ရွှင်ပျတဲ့ မျက်နှာထားနဲ့ ပရိသတ်အတွက် အမြဲရှိခဲ့သူ ဦးရန်ပိုင်စိုးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်

Source – M Chit Thet မေ့ချစ်သက်

Rainbow- Cele Gabar







Rainbow- Cele Gabar