မြန်မာနိုင်ငံ အွန်လိုင်းကနေ သင်ကြားမယ့် အခြေခံပညာရေး နိုဝင်ဘာမှာ စမည်

0
61

မြန်မာနိုင်ငံ အွန်လိုင်းကနေ သင်ကြားမယ့် အခြေခံပညာရေး နိုဝင်ဘာမှာ စမည်

ကိုဗစ်ကပ်ရောဂါကာလ ကျောင်းတွေပိတ်ထားရတဲ့ အချိန်မှာ ပညာသင်ကြားရေး အဆက်မပြတ်အောင် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ သင်ခန်းစာတွေ သင်ကြားပို့ချပေးမယ့် အစီအစဉ်ကို နိုဝင်ဘာလအစောပိုင်းမှာ စတင်ဖို့ရှိကြောင်း ပညာရေးဝန်ကြီးဌာန ထိပ်ပိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်း ကိုဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက အကြောင်းစုံကို ပြောပြမှာပါ။

ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်များလာရာက ကြောငျးတှပေိတ်ထားရတာကြောင့် စာမသင်နိုင်ပဲ ဖြစ်နေရတဲ့ အခြေခံပညာ ကျောင်းသားတွေ အိမ်မှာနေရင်း စာသင်နိုင်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်နေတာပါ။ အင်တာနက်အွန်လိုင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေတဆင့် သင်ကြားပို့ချပေးမယ့် အစီအစဉ်ကို နိုဝင်ဘာလမှာ စတင်နိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

သင်ကြားရေးကာလ နောက်ကျတာကြောင့် သင်ခန်းစာတွေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချထားပြီး အဓိကထားသင်ကြားရမယ့် သင်ခန်းစာတွေကို ဦးစားပေးပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

“ဒီကာလမှာတော့ ဆရာတို့ကတော့ ကလေးတိုင်းဟာ သိသင့်သိထိုက်တဲ့၊ သင်ယူသင့်သင်ယူထိုက်တဲ့ အရေးကြီးဆုံးသင်ခန်းစာတွေကို ခုကာလမှာ ဆရာတို့က Curriculum Adjustment Conservation အနေနဲ့ ဆရာတို့ လုပ်နေတာဖြစ်ပါတယ်။ ဘာသာရပ်အားလုံးတော့ပါမယ်၊ သင်ခန်း စာတွေအားလုံးတော့ ဆရာတို့လုပ်နိုင်ဖို့ လတ်တလောမဖြစ်နိုင်သေးဘူး။

ဒါကြောင့်မို့ နံပတ် ၁ ကတော့ အခြေခံအနေနဲ့ သိသင့် သိထိုက်တဲ့ သင်ခန်းစာတွေပါမယ်။ နောက်တစ်ဆင့်ကိုကူးပြီးတော့မှ သင်ယူရတော့မယ်ဆိုရင် အဆင်သင့်ဖြစ်ဖို့အတွက် ပေါင်းကူးနိုင်တဲ့ သင်ခန်းစာတွေ ဆရာတို့ ထည့် ထားတယ်။ ဒါကြောင့်မို့ အဲ့ဒီအစွန်းနှစ်ခုပေါ့၊ တတ်ကိုတတ်ရမယ် သိကိုသိရမယ့်ဟာရယ်၊ ရှေ့ဆက်ပြီး တော့ သင်ယူဖို့ရာအတွက် အချိတ်အဆက်ဖြစ်နိုင်တဲ့သင်ခန်းစာတွေကို ဆရာတို့ထည့်ထားတာဖြစ်ပါ တယ်။

(သင်ခန်းစာ) လျှော့ချထားပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်လျှော့ချတယ်။ ဆရာတို့လည်း အခုထုတ်လွင့်ဖို့ကြိုးစားတယ်။ လေ့လာခြင်းမလေ့လာခြင်းက မသေချာဘူး။ အသေချာပေမယ့် ဆရာတို့ လုပ်သင့်တာတော့ လုပ်နေရမယ်။ အဲ့ဒီလူ၁၀ သန်းလောက်က လူတစ်သိန်းလောက် လေ့လာနိုင်တယ် ဆိုရင်တောင်မှ ဒါအမြတ်ရှိတယ်လို့ ယူဆပြီးတော့ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”

ကျောင်းသင်ခန်းစာတွေအတွက် ပြဌာန်းစာအုပ်တွေကို နိုင်ငံအနှံ့က ကျောင်းတွေကို ပေးပို့ထားပေမဲ့ ကပ်ရောဂါကြောင့် ဖြန့်ဝေဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ပြောပါတယ်။ ကပ်ရောဂါကြောင့် ပိတ်ထားရချိန်မှာ အွန်လိုင်းစနစ် အပါအဝင် အိမ်ကနေ သင်ယူနိုင်ဖို့ စီစဉ်နေပေမဲ့လည်း အင်တာနက် ဆက်သွယ်မှု အပါအဝင် နည်းပညာအခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒေါက်တာတင်မောင်ဝင်းကတော့ အွန်လိုင်းသင်ကြားရေးအတွက် အကူအညီပေးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“အွန်လိုင်းမရတဲ့ မြို့နယ်က ခုဆိုရင် ၂၀ ပဲရှိတယ်၊ တစ်နိုင်ငံလုံးမှာမှ ကျန်တဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်က အွန်လိုင်းရတယ်။ ခုအွန်လိုင်းမရတဲ့ဟာမှာ လတ်တလောတော့ ရခိုင်ဒေသတွေရှိတယ်။ ကချင်ပြည်နယ်က တစ်ချို့ရှိမယ်၊ ရှမ်းပြည်နယ်ကတစ်ချို့ရှိမယ်၊ ဒါတွေကတော့မရဘူးပေါ့။ မရတဲ့ဒေသတွေမှာတော့ TV နဲ့ သွားတာပေါ့လေ။ TV နဲံမရရင်တော့ Radio နဲ့သွားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မတူညီမှုတွေကတော့ နေရာတစ်ကာမှာရှိနေမှာပါပဲ။

အခု Operator တွေပေါ့နှော် ၊ MPT တို့ Telenor တို့ Ooredoo တို့ Mytel တို့နဲ့ စကားပြောထားတာ ရှိပါတယ်။ သူတို့ကလည်းပဲ ဒီဟာနဲ့ ပတ်သက်လို့ Zero Charged ပေါ့နှော်၊ အခမဲ့ဒေတာ သုံးခွင့်ရအောင် သူတို့က ကူညီပေးကြမှာဖြစ်ပါတယ်။ ဆရာတို့လည်း ညှိနှိုင်းနေပါတယ်။ သူတို့လည်းပေးဖို့ရှိပါ တယ်။”

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ တကျော့ပြန် ကူးစက်မှုတွေကြုံခဲ့ရတာကြောင့် ၁ လလောက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁ သောင်းခွဲ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA

ျမန္မာႏိုင္ငံ အြန္လိုင္းကေန သင္ၾကားမယ့္ အေျခခံပညာေရး ႏိုဝင္ဘာမွာ စမည္

ကိုဗစ္ကပ္ေရာဂါကာလ ေက်ာင္းေတြပိတ္ထားရတဲ့ အခ်ိန္မွာ ပညာသင္ၾကားေရး အဆက္မျပတ္ေအာင္ အင္တာနက္ အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုေတြကေန သင္ခန္းစာေတြ သင္ၾကားပို႔ခ်ေပးမယ့္ အစီအစဥ္ကို ႏိုဝင္ဘာလအေစာပိုင္းမွာ စတင္ဖို႔ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန ထိပ္ပိုင္း တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း ကိုဆက္သြယ္ေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက အေၾကာင္းစုံကို ေျပာျပမွာပါ။

ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာရာက ကျောင်းတွေပိတ္ထားရတာေၾကာင့္ စာမသင္ႏုိင္ပဲ ျဖစ္ေနရတဲ့ အေျခခံပညာ ေက်ာင္းသားေတြ အိမ္မွာေနရင္း စာသင္ႏုိင္ေအာင္ ပညာေရး၀န္ႀကီးဌာနက စီစဥ္ေနတာပါ။ အင္တာနက္အြန္လုိင္း ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုတို႔ကေနတဆင့္ သင္ၾကားပို႔ခ်ေပးမယ့္ အစီအစဥ္ကို ႏိုဝင္ဘာလမွာ စတင္ႏိုင္ဖုိ႔ ျပင္ဆင္ထားေၾကာင္းလည္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

သင္ၾကားေရးကာလ ေနာက္က်တာေၾကာင့္ သင္ခန္းစာေတြကို ၅၀ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ထားၿပီး အဓိကထားသင္ၾကားရမယ့္ သင္ခန္းစာေတြကို ဦးစားေပးျပင္ဆင္ထားတယ္လို႔လည္း ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

“ဒီကာလမွာေတာ့ ဆရာတို႔ကေတာ့ ကေလးတိုင္းဟာ သိသင့္သိထိုက္တဲ့၊ သင္ယူသင့္သင္ယူထိုက္တဲ့ အေရးႀကီးဆုံးသင္ခန္းစာေတြကို ခုကာလမွာ ဆရာတို႔က Curriculum Adjustment Conservation အေနနဲ႔ ဆရာတို႔ လုပ္ေနတာျဖစ္ပါတယ္။ ဘာသာရပ္အားလုံးေတာ့ပါမယ္၊ သင္ခန္း စာေတြအားလုံးေတာ့ ဆရာတို႔လုပ္ႏိုင္ဖို႔ လတ္တေလာမျဖစ္ႏိုင္ေသးဘူး။

ဒါေၾကာင့္မို႔ နံပတ္ ၁ ကေတာ့ အေျခခံအေနနဲ႔ သိသင့္ သိထိုက္တဲ့ သင္ခန္းစာေတြပါမယ္။ ေနာက္တစ္ဆင့္ကိုကူးၿပီးေတာ့မွ သင္ယူရေတာ့မယ္ဆိုရင္ အဆင္သင့္ျဖစ္ဖို႔အတြက္ ေပါင္းကူးႏိုင္တဲ့ သင္ခန္းစာေတြ ဆရာတို႔ ထည့္ ထားတယ္။ ဒါေၾကာင့္မို႔ အဲ့ဒီအစြန္းႏွစ္ခုေပါ့၊ တတ္ကိုတတ္ရမယ္ သိကိုသိရမယ့္ဟာရယ္၊ ေရွ႕ဆက္ၿပီး ေတာ့ သင္ယူဖို႔ရာအတြက္ အခ်ိတ္အဆက္ျဖစ္ႏိုင္တဲ့သင္ခန္းစာေတြကို ဆရာတို႔ထည့္ထားတာျဖစ္ပါ တယ္။

(သင္ခန္းစာ) ေလွ်ာ့ခ်ထားပါတယ္။ ၅၀ ရာခိုင္ႏႈန္းေလာက္ေလွ်ာ့ခ်တယ္။ ဆရာတို႔လည္း အခုထုတ္လြင့္ဖို႔ႀကိဳးစားတယ္။ ေလ့လာျခင္းမေလ့လာျခင္းက မေသခ်ာဘူး။ အေသခ်ာေပမယ့္ ဆရာတို႔ လုပ္သင့္တာေတာ့ လုပ္ေနရမယ္။ အဲ့ဒီလူ၁၀ သန္းေလာက္က လူတစ္သိန္းေလာက္ ေလ့လာႏိုင္တယ္ ဆိုရင္ေတာင္မွ ဒါအျမတ္ရွိတယ္လို႔ ယူဆၿပီးေတာ့ ဆက္လုပ္သြားမွာျဖစ္ပါတယ္။”

ေက်ာင္းသင္ခန္းစာေတြအတြက္ ျပဌာန္းစာအုပ္ေတြကုိ ႏုိင္ငံအႏွံ႔က ေက်ာင္းေတြကုိ ေပးပုိ႔ထားေပမဲ့ ကပ္ေရာဂါေၾကာင့္ ျဖန္႔ေ၀ဖုိ႔ အခက္အခဲ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ ပိတ္ထားရခ်ိန္မွာ အြန္လုိင္းစနစ္ အပါအ၀င္ အိမ္ကေန သင္ယူႏုိင္ဖုိ႔ စီစဥ္ေနေပမဲ့လည္း အင္တာနက္ ဆက္သြယ္မႈ အပါအ၀င္ နည္းပညာအခက္အခဲနဲ႔ စိန္ေခၚမႈေတြလည္း ရွိေနပါတယ္။ ေဒါက္တာတင္ေမာင္၀င္းကေတာ့ အြန္လုိင္းသင္ၾကားေရးအတြက္ အကူအညီေပးႏုိင္ဖုိ႔လည္း ျပင္ဆင္ေနတယ္လုိ႔ ေျပာပါတယ္။

“အြန္လိုင္းမရတဲ့ ၿမိဳ႕နယ္က ခုဆိုရင္ ၂၀ ပဲရွိတယ္၊ တစ္ႏိုင္ငံလုံးမွာမွ က်န္တဲ့ ၿမိဳ႕နယ္ေပါင္း ၃၀၀ ေက်ာ္က အြန္လိုင္းရတယ္။ ခုအြန္လိုင္းမရတဲ့ဟာမွာ လတ္တေလာေတာ့ ရခိုင္ေဒသေတြရွိတယ္။ ကခ်င္ျပည္နယ္က တစ္ခ်ိဳ႕ရွိမယ္၊ ရွမ္းျပည္နယ္ကတစ္ခ်ိဳ႕ရွိမယ္၊ ဒါေတြကေတာ့မရဘူးေပါ့။ မရတဲ့ေဒသေတြမွာေတာ့ TV နဲ႔ သြားတာေပါ့ေလ။ TV နဲံမရရင္ေတာ့ Radio နဲ႔သြားရမွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ပါ မတူညီမႈေတြကေတာ့ ေနရာတစ္ကာမွာရွိေနမွာပါပဲ။

အခု Operator ေတြေပါ့ေႏွာ္ ၊ MPT တို႔ Telenor တို႔ Ooredoo တို႔ Mytel တို႔နဲ႔ စကားေျပာထားတာ ရွိပါတယ္။ သူတို႔ကလည္းပဲ ဒီဟာနဲ႔ ပတ္သက္လို႔ Zero Charged ေပါ့ေႏွာ္၊ အခမဲ့ေဒတာ သုံးခြင့္ရေအာင္ သူတို႔က ကူညီေပးၾကမွာျဖစ္ပါတယ္။ ဆရာတို႔လည္း ညႇိႏႈိင္းေနပါတယ္။ သူတို႔လည္းေပးဖို႔ရွိပါ တယ္။”

ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံမွာ အေျခခံပညာေက်ာင္းေတြကုိ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလုိင္လထဲမွာ ျပန္ဖြင့္ခ့ဲေပမဲ့ တေက်ာ့ျပန္ ကူးစက္မႈေတြႀကံဳခဲ့ရတာေၾကာင့္ ၁ လေလာက္အၾကာမွာပဲ ျပန္ပိတ္ခဲ့ရတာပါ။

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ကေတာ့ ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတဝန္း ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနေၾကာင္း မၾကာေသးခင္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စာသင္ေက်ာင္းနဲ႔ ေဝးတဲ့ ေက်ာင္းသား အေရအတြက္ဟာ သန္းေပါင္း ၁ ေသာင္းခြဲ ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာလည္း အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

VOA