၃၀ ရက်နေ့မှာ ထိုးသတ်တော့မယ့် အောင်လတို့ ပွဲကို သုံးသပ်ချက်ပေးလာတဲ့ ဖိုးသော်
0
74
၃၀ ရက်နေ့မှာ ထိုးသတ်တော့မယ့် အောင်လတို့ ပွဲကို သုံးသပ်ချက်ပေးလာတဲ့ ဖိုးသော်
ဒီလ ၃၀ ရက်နေ့မှာ ထိုးသတ်တော့မယ့် အောင်လတို့ ပွဲကို သုံးသပ်ချက်ပေးလာတဲ့ ဖိုးသော်
ONE Chmapionship ဟာ လာမယ့် အောက်တိုဘာလ 30 ရက်နေ့မှာ ONE: Inside The Matrix အမည် နဲ့ ပြိုင်ပွဲ ကျင်းပသွားမယ့် အကြောင်း တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အောင်လအန်ဆန်းရဲ့ ခါးပတ်လုပွဲလည်းပါဝင်နေတာဖြစ်ပြီး အများစုက အထူးစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
နာမည်ကျော် MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖိုးသော်ကတော့ အောင်လအန်ဆန်းကို အနိုင်ယူနိုင်ဖို့ဆိုတာခက်ခဲလှတယ်လို့ ဆိုလာခဲ့တာဖြစ်ပြီးလက်ရှိ အောင်လအန်ဆန်းရဲ့ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက် ၅ ခုကိုလည်း ထုတ်ဖော်ပြောပြလာခဲ့တာဖြစ်ပါတယ်။ဖိုးသော်က “သူ့ရဲ့အားသာချက်အနေနဲ့ပြောရမယ်ဆိုရင် နံပါတ် (၁) အနေနဲ့ အောင်လအန်ဆန်းကလက်ရှိနှစ်ထပ်ကွမ်းချန်ပီယံ အဲ့လိုမျိုးရထားတဲ့အတွက် သူ့ရဲ့ယုံကြည်ချက်က အမြင့်ဆုံးမှာရှိနေတယ်ပေါ့နော်….
ပြီးရင် နံပါတ် (၂) မြန်မာနိုင်ငံတနိုင်ငံလုံးက သူ့ကိုအားပေးထောက်ခံနေကြတာဖြစ်တယ် Motivation ပေါ့နော် တချို့ကစားသမားတွေက တနိုင်ငံလုံးအားပေးတာမခံရဘူး တချို့လူတွေဆို နိုင်ငံကသိတောင်မသိဘူး ဒါပေမယ့်အောင်လအန်ဆန်းဆို မြန်မာနိုင်ငံ တနိုင်ငံလုံးသိတယ် အဲ့ဒီ Feeling သူ့မှာလည်းရှိတယ်။
ဒါက သူ့ရဲ့အားသာချက်တစ်ခု Motivation အရမ်းဖြစ်နေတယ်ပြီးရင် နံပါတ် (၃) အောင်လအန်ဆန်းက Training နဲ့ပတ်သတ်ပြီးတော့ Training ကိုတောက်လျှောက် သူချန်ပီယံဖြစ်ဖို့ ခါးပတ်လုကတည်းကိုက Training ကတောက်လျှောက်မနားခဲ့ဘူး မပြတ်ခဲ့ဘူး ပေါ့နော် Potential တစ်ခုမှာ အရမ်းကောင်းနေပြီ နံပါတ် (၄) အောင်လအန်ဆန်းရဲ့ GYM ပေါ့နော် သူ့ GYM မှာသူနဲ့ထိုးမဲ့ပြိုင်ဘက်ရဲ့ ဝိတ်တန်းတူ Different Background တွေမွေထိုင်း ကစ်ဘောက်ဆင် ဂျူဂျစ်ဆု ကရာတေး စသဖြင့်
နယ်ပယ်အသီးသီးမှာထိုးနေကြတဲ့ ဖိုက်တာတွေပေါ့ သူငယ်ချင်းတွေပေါ့ ဒီလိုဖိုက်တာတွေနဲ့သူတောက်လျှောက်လေ့ကျင့်နေရတဲ့အတွက် သူ့မှာ အတွေ့အကြုံကအများကြီးရှိတယ်နောက်နံပါတ် (၅) အချက် သူကတကယ်ရှုံးပွဲမရှိဘူးဆိုတဲ့ကစားသမားတွေကို ထိုးပြီးတော့နိုင်လာခဲ့တယ် ပြီးရင် သူနဲ့ ဝိတ်တန်းမတူဘူး သူရှုံးမယ်လို့ လူတွေထင်တဲ့ သူတော်တော်များများကို နိုင်ခဲ့တယ်။
နောက်ဆုံး ဟဲဗီးဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းကို ဆင်းထိုးခဲ့တဲ့ ဘရန်ဒန်ဗီရာကိုလည်းအနိုင်ရခဲ့တယ် အဲ့ဒီပွဲတွေမှာလည်း သူက Performance ကောင်းကောင်းနဲ့ အနိုင်ရအောင်ကစားနိုင်ခဲ့တယ်ပေါ့နော်ဒီလိုအချက်တွေကို ကျွန်တော်ခေါင်းထဲမှာပေါ်လာသမျှသုံးသပ်ကြည့်ရသလောက်ကတော့အောင်လကိုနိုင်ချင်တယ်ဆိုရင်တော့ ဒီအချိန်မှာ မလွယ်ကူဘူးပေါ့နော်။
ဘာဖြစ်လို့လည်းဆိုတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရ သူ့မှာ Potential ရော Supporting ရော Motivation ရော အကောင်းဆုံးအနေအထားမှာရှိနေတယ် ယုံကြည်ချက်ကလည်းအပြည့်အဝ သူ့ကိုယ်သူ Self Confidence ကအမြင့်ဆုံးမှာရှိနေတယ် သူဒီလိုမျိုးချန်ပီယံကိုကာကွယ်ရမယ့်အချိန်မှာ သူက Ready ပဲ အခုမှ ချန်ပီယံကာကွယ်မယ် အခုပဲ ထပြင်ဆင်နေတာမျိုးမဟုတ်ဘူး။
ဒါကြောင့် သူ့ကိုနိုင်ဖို့ဆိုတာမလွယ်ဘူးMMA မှာဖြစ်တတ်တာတစ်ခုက အမှားမလုပ်ဖို့ပေါ့ အမှားလုပ်လို့ တစ်ဖက်လူကအခွင့်အရေးကို အသုံးချသွားနိုင်ရင်တော့ ရှုံးသွားနိုင်တယ်။ဒါပေမယ့် ရာခိုင်နှှုန်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ အောင်လအန်ဆန်းက ၉၅ ရာခိုင်နှုန်းလောက်အထိ နိုင်နိုင်ချေရှိနေတာပေါ့နော် ၁၀၀ ရာခိုင်နှှုန်းသေချာတယ်ဆိုတာတော့ ပွဲမှာမရှိပါဘူး။
ကျွန်တော်တို့က ကလေးကိုခေါ်ထိုးတာမှမဟုတ်တာ တန်းတစ်ခုရှိလို့ ချန်ပီယံစိန်ခေါ်သူဖြစ်လာတာလေ အောင်လကတော့ တည်လည်းတည်ငြိမ်တယ် တော်ရုံလည်း အရှုံးမပေးဘူး ကြံ့ခိုင်မှုလည်းကောင်းတယ် တော်ရုံလည်းမကြောက်ဘူးဆိုတော့ သူ့လိုလူမျိုးကိုယှဉ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမလွယ်ဘူး အမှားမလုပ်မိအောင်ပဲ ကျွန်တော်တို့ကဆုတောင်းပေးရမှာ။
ကျန်တဲ့အချိန် ကောင်းကောင်းအားပေးနေရုံပဲ သူပဲအကောင်းဆုံးဦးဆောင်သွားမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်” လို့ ဖိုးသော်က ဖွင့်ဟလာခဲ့တာပါ ပရိသတ်ကြီးရေဖိုးသော်က သူနဲ့အောင်လအန်ဆန်းတို့ဟာလည်း အဆက်အသွယ်မပြတ်ရှိနေကြပြီး တစ်ဦးကိုတစ်ဦးအပြန်အလှန်အားပေးကာ တိုးတက်အောင် လေ့ကျင့်နေကြတယ်လို့လည်း ဖွင့်ဟလာခဲ့ပါသေးတယ်။
လက်ရှိ အောက်တိုဘာ ၃၀ ရက်နေ့မှာ ချန်ပီယံကာကွယ်ရတော့မယ့် အောင်လအန်ဆန်းအတွက် အားပေးစကားလေးပြောသွားခဲ့ကြပါအုန်းနော
ခရက်ဒစ်
ခရက်ဒစ်