PPE ဝတ်စုံ( 100 )နဲ့ အလှုငွေ( 2)သိန်းကို ပရဟိတအဖွဲ့နဲ့နာရေးကူညီမှုအသင်းကိုတစ်ဝက်စီမျှလှူခဲ့တဲ့နှိုင်းယှဉ်မြင့်မိုရ်
0
53
PPE ဝတ်စုံ( 100 )နဲ့ အလှုငွေ( 2)သိန်းကို ပရဟိတအဖွဲ့နဲ့နာရေးကူညီမှုအသင်းကိုတစ်ဝက်စီမျှလှူခဲ့တဲ့နှိုင်းယှဉ်မြင့်မိုရ်
Myanmar Cele-Cafe ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။
အခုလ ကိုဗစ် ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။ Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online စျေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။
ဒီနေ့မှာတော့ ” ဒီနေ့ အလုပ်လေးတရက် အနားယူပါတယ်နားတဲ့ရက်လေးမှာ ရွှေပြည့်ကုမ္ပဏီကချုပ်တဲ့ကွာလတီအရမ်းကောင်းတဲ့ PPE ဝတ်စုံ 100 နဲ့ အလှုငွေ 2သိန်းကို ကိုကြီးမြင့်ဇော်နဲ့ ပရဟိတအဖွဲ့ကို တစ်ဝက်နာရေးကူညီမှုအသင်းကိုတစ်ဝက် မျှလှုခဲ့ပါတယ်။ဒီတစ်ခါတော့ အနစ်နာခံကြတဲ့ စေတနာ့ဝန်ထမ်းတွေအတွက်ပါ…နှိုင်းရှင် အလုပ်လေးတွေကြိုးစားလုပ်နေပါတယ်…ဒီလိုလေးတွေ လှုချင်လို့ပါ”ဆိုတဲ့စာလေးနဲ့သူမရဲ့အလှူကုသိုလ်လေးကိုဝေမျှခဲ့တာပါ။
Myanmar Cele-Cafeပရိသတ်​တွေလည်း နှိုင်းယှဉ်တိူ့မိသားစုရဲ့အလှူလေးကို သာဓုခေါ်ခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Nhying Shin
Candy -Myanmar Cele-Cafe
Source: Nhying Shin