တောင်​ဥက္ကလာအိမ်​ သရဲခြောက်တာ… ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေပါ ရောက်လာတာတောင် သရဲက ခြောက်တုန်း
credit
=========
တောင်​ဥက္ကလာအိမ်​ သရဲခြောက်​လို့တဲ့..
တောင်ဥက္ကလာ ၁၀ ရပ်ကွက်. အသက ၂၆လမ်းမှာ ဆောက်လက်စတိုက်မှာသရဲခြောက်လို့တဲ့ ဖြစ်ပုံကဒီလို အဲအိမ်က အရင် ကျွန်တောသူငယ်ချင်းတွေနေသွားတဲ့အိမ်။ အိမ်ကတစ်ထပ်အုတ်ခံပျဉ်ထောင်အိမ်လေး။
သူတို့ရှိစဉ် ကျွန်တော်တို့ငယ်ငယ်ကတည်းက အစောင့်ရှိတယ်လို့သိရတယ်။ သူတို့က နေရာတစ်ခုပေးထားတယ်။ အေးအေးချမ်းချမ်းပဲ။ သူတို့ကဘုရားတရားနဲ့ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းနေသွားတယ်။
နောက်သူတို့ရောင်းသွားတဲ့လူတွေကျတော့ အသံကြားလိုက်သေးတယ်။ အိမ်ကိုနှစ်ထပ်မတင်နဲ့တဲ့ တင်ရင်တစ်မိသားစုလုံးဒုက္ခပေးမယ်ဆိုအိမ်မက်ပေးလို့ အရင်အိမ်ဟောင်းကိုမဖျက်ပဲ ငုံပြီးတစ်ထပ်တိုက်ပုလေးဆောက်သွားတယ်။
သူတို့လက်ထက်မှာ ငှါးထားတဲ့ အိမ်ငှါးတွေလက်ထက်ကျတော့ အသံသိပ်မကြားရဘူး။ နည်းနည်းပဲ သိပ်မကြမ်းဘူး။ ခုတစ်လောအိမ်ဆောက်နေတော့နှစ်ထပ်ဆောက်မယ်ဆိုတော့လမ်းထဲ့ကလူတွေတောင်ပြောနေသေးတယ်။
ဘာသံကြားရမလဲလို့ ညဘက်ထမင်းစားတုန်း လမ်းထိပ်မှာ လူတွေအများကြီး ရုတ်ရုတ်နဲ့ရန်ဖြစ်နေတာထင်လို့ပထမ နောက် မှ ပုဏ္ဏကတိုက်မှန်းသိတာ ဖြစ်ပုံက နှစ်ထပ်စတင်ပြီး စလက်လောင်းတဲ့ ပထမနေ့ ခဲနဲ့ နှစ်ချက်ပေါက်တယ်။
အဲ့မှာစောင့်အိပ်တာမိန်ခလေးတစ်ယောက် ယောကျာင်္းလေး ၅ယောက်အိပ်တယ် အချင်းချင်းနောက်တယ်ထင်တာ။ အဲ့လို့နဲ့နောက်ရက်ကျတော့ ခဲ့ကျတာမှပြောင်ဆန်နေတာပဲ အုတ်ခဲကျိုး နှစ်တစ်လက်မ တစ်ထောင်ကျော် လေးငါးချောင်း အိပ်အပေါ်ထပ်မှာသွပ်ကျိုးနဲ့ တွဲချဉ်ထားတဲ့ ကွန်ဂရစ် ဘလောက်တုန်းတွေပါ။
အရင်တုန်းကတော့ အပြင်ဘက်ကပြစ်တယ်ထင်ပြီးမီးထိုးပြီးလိုက်ရှာသေးတယ်။ နောက်မှပြစ်တဲ့ဟာတွေကခြံဝန်းထဲ့က သူတို့သုံးတဲ့ ပစ္စည်းတွေပဲဖြစ်နေတယ်။စစချင်းလူသိပ်မများသေးခင် ကျွန်တော်တို့လူတွေဝိုင်းကြည့်နေတုန်းနှစ်ချက်ထပ်ပေါက်သေးတယ်။
မျက်စီရှေ့တင်။ ဘယ်သူမှမရှိဘူး ဓာတ်မီးနဲ့ထိုးပြီးရှာနေတုန်းအချိန်မှာပဲ။ တစ်အောင့်ကြာတော့ ရဲတွေရောက်လာပြီးရပ်ကွက်လူကြီးတွေနဲ့အပေါ်နက်ရှာနေတုန်းမှာ ခဲသေးသေးနဲ့နှစ်ချက်ထပ်ပေါက်သေးတယ်။ မျက်စီရှေ့ဆိုတော့ ဘယ်လိုစဉ်စားရမလဲတောင်မသိတော့ဘူး။
တောင်ဥက္ကလာ gp မှကူးယူ
credit