ေပ်ာက္ဆံုးေနသည့္ ျပည့္တန္ဆာသေဘၤာၾကီး ျပန္လည္ေပၚေပါက္လာေသာအခါ

ေပ်ာက္ဆံုးေနသည့္ ျပည့္တန္ဆာသေဘၤာၾကီး ျပန္လည္ေပၚေပါက္လာေသာအခါ

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၈၀ ခန္႔က ေပ်ာက္ဆံုးသြားသည့္ ျပည့္တန္ဆာသေဘၤာၾကီး ကယ္လီဖိုးနီးယားကမ္းေျခတြင္ ျပန္လည္ေပၚေပါက္လာ

၁၉၃၆ ခုႏွစ္အတြင္း ေလာင္းကစားပြဲ၊ ျပည့္တန္ဆာတို႔ျဖင့္ နာမည္ေက်ာ္ အက္စ္ အက္စ္ မြန္တိုကာလိုဟူသည့္ ပင္လယ္ျပင္အတြင္း ေပ်ာက္ဆံုးသြားခဲ့ေသာ သေဘၤာသည္ ျပင္းထန္တဲ့ အယ္လ္နီညိဳ မုန္တိုင္းေတြေၾကာင့္ ႏွစ္ေပါင္း ၈၀ ေလာက္ ၾကာျမင့္အျပီး မၾကာေသးမီက ကယ္လီဖိုးနီးယားျပည္နယ္ကမ္းေျခမွာ ျပန္လည္ေပၚထြက္လာပါတယ္။

ဒီသေဘၤာကို လူဆိုးဂိုဏ္းေတြပိုင္ဆိုင္ျပီး S.S. Monte Carlo လို ့ေခၚပါတယ္။ ႏွစ္သစ္ကူးေန႔မွာ ကိုရိုနာဒိုကမ္းေျခေတာင္ပိုင္းမွာ နစ္ျမွဳပ္သြားခဲ့တာပါ။

သေဘၤာပ်က္အပိုင္းအစေတြကို ယခင္က မၾကာခဏေတြ႔ခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ အယ္လ္နီညိဳမုန္တိုင္းေၾကာင့္ ထင္ထင္ရွားရွား ျပန္ေတြ႔ခြင့္ ရခဲ့ျပီလို႔ ဆိုႏိုင္တယ္။

ေပ ၃၀၀ ရွည္တဲ့ S.S. Monte Carlo သေဘၤာအေၾကာင္းကို ေလ့လာၾကည့္ရရင္ ၁၉၂၁ ခုႏွစ္က ေျမာက္ကယ္ရုိလိုင္းနားျပည္နယ္၊ ဝီလ္မင္တန္ ၿမိဳ႕ေတာ္ မွာတည္ေဆာက္ခဲ့တာပဲျဖစ္ပါတယ္။ အရင္က ဆီသယ္သေဘၤာတစ္စင္း ျဖစ္ခဲ့ျပီး SS McKittrick လို့ေခၚပါတယ္၊

ပထမ ကမၻာစစ္အတြင္း အေမရိကန္ႏိုင္ငံမွာ သံမဏိလိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ သမၼတ ဝုဒ္ဒရိုး ဝီလ္ဆင္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ေဆာက္လုပ္ခဲ့တဲ့ သေဘၤာ ၂၄ စင္းမွာ အက္စ္အက္စ္ မြန္တီကာလိုလည္း ပါဝင္ခဲ့တယ္။

ဒီသေဘၤာကို အေမရိကန္စစ္ဘက္က ၁၉၂၃ ခုႏွစ္အထိ အသံုးျပဳခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ အက္ဒ္ တာနာနဲ႕ မာတင္ စခိုးဝီလာတို႔ထံ ေရာင္းခ်ခဲ့ပါတယ္။

သူတို႔က ေလာင္းကစားလုပ္ငန္းေတြလုပ္တဲ့ေနရာအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

ေရွးယခင္တုန္းက အေမရိကမွာ အရက္ေသစာထုတ္လုပ္ျဖန္႕ျဖဴးသံုးစြဲတာေတြ ပိတ္ပင္ထား တာေၾကာင့္ ေမွာင္ခိုအရက္ေသစာေရာင္းဝယ္ေရးအျပင္ တျခားဒုစရိုက္လုပ္ငန္းေတြကို ဖန္တီးေပးသလို ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ၁၉၃၃ ခုႏွစ္မွာ ဒီဥပေဒကို ရုပ္သိမ္းေပးခဲ့ေပမယ့္ ဒီလိုရုပ္သိမ္းလိုက္တာေၾကာင့္ ဒုစရိုက္လုပ္ငန္းေတြ အဆံုးသတ္သြားျပီလို႔ေတာ့ မဆိုႏိုင္ပါဘူး။

ဘီယာနဲ႕ အေဖ်ာ္ယမကာေတြကေန ေဖာဖာသီသီရခဲ့တဲ့ အျမတ္အစြန္းေတြေၾကာင့္ လူဆိုးဂိုဏ္ေတြက အားေကာင္းၾကီးထြားခဲ့ျပီးျဖစ္ပါတယ္။လူဆိုးဂိုဏ္းသားေတြထဲကတခ်ိဳ႕ကေတာ့ ေလာင္းကစားနဲ ့ ျပည့္တန္ဆာကိစၥေတြမွာ အာရံုစိုက္ေနတုန္း အမ်ားစုကေတာ့ သူတို ့ရွာေဖြခဲ့တာေတြသံုးျပီး ဥပေဒေဘာင္ထဲျပန္ဝင္ႏိုင္ဖို႔နဲ႔ တရားဝင္လိုင္စင္ရအေဖ်ာ္ယမကာ လုပ္ငန္းေတြမွာ အသံုးခ်ခဲ့ၾကတယ္။

S.S. Monte Carlo ဟာ အေမရိကန္ရဲ႕ဥပေဒကိုေရွာင္ရွားဖုိ႕ အတြက္ ကိုရိုနာဒို ကမး္ရိုးတန္းကေန ေရမိုင္သံုးမိုင္အကြာ ႏိုင္ငံတကာ ေရပိုင္နက္မွာ ေက်ာက္ခ်ထားခဲ့ပါတယ္။ ဆန္ဒီေယဂိုျမိဳ႕နဲ ့ေလာင္းဘိခ်္ၾကားက ကမ္းရိုးတန္းမွာ သေဘၤာနဲ ့ေလာင္းကစားလုပ္ငန္း လုပ္ကိုင္တာ S.S Monte Carlo ဟာ ပထမဆံုးသေဘၤာနဲ႔ ေနာက္ဆံုးသေဘၤာ မဟုတ္ပါဘူး။

အတိအက်ဆိုရရင္ ဒီလိုသေဘၤာေတြအနက္ အၾကီးမားဆံုးသေဘၤာၾကီးလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ဒီေလာင္းကစားသေဘၤာၾကီးကို စတင္ဖြင့္လွစ္ခါက အခ်ိန္ေတြကဆိုရင္ ရက္သတၱတစ္ပတ္ကို ေလာင္းကစားသမားေပါင္း ၁၅၀၀၀ ေက်ာ္ေလာက္ထိလာေရာက္ခဲ့ၾကပါတယ္။

တစ္ႏွစ္ကို အျမတ္အစြန္း ေဒၚလာ သံုးသန္းေလာက္ရခဲ့ျပီး ယေနေခတ္ေငြေၾကးနဲ ့ဆိုရင္ ေဒၚလာ ၅၂ သန္းေက်ာ္နဲ ့ညီမွ်ပါတယ္။

၁၉၃၇ ခုႏွစ္၊ ႏွစ္သစ္ကူးေန ့ နံနက္သံုးနာရီအခ်ိန္မွာေတာ့ အားျပင္းတဲ့မုန္တိုင္းတစ္ခုက S.S. Monte Carlo ကို ေတာင္ကိုရိုနာဒို ကမ္းေျခထိ ဆြဲေခၚလာခဲ့ျပီး နစ္ျမဳပ္ေစခဲ့တာ ယေန႔ခ်ိန္အထိပဲျဖစ္ပါတယ္။

သေဘၤာဟာ တရားဥပေဒနဲ ့ဆန္က်င္တာေတြလုပ္ခဲ့တာေၾကာင့္ ဘယ္သူကမွ ပိုင္ဆိုင္ေၾကာင္းထုတ္ေဖာ္ မေျပာရဲၾကဘူး။

S.S. Monte Carlo သေဘၤာပ်က္ၾကီးထဲမွာ ေဒၚလာ ၁၅၀,၀၀၀ တန္ဖိုးရွိတဲ့ ေရႊဒဂၤါးနဲ႔ေငြဒဂၤါးေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြလည္း ရွိေနပါတယ္။

Credit – Cherie(ShweInnlay)

============

ပျောက်ဆုံးနေသည့် ပြည့်တန်ဆာသင်္ဘောကြီး ပြန်လည်ပေါ်ပေါက်လာသောအခါ

လွန်ခဲ့သော နှစ်ပေါင်း ၈၀ ခန့်က ပျောက်ဆုံးသွားသည့် ပြည့်တန်ဆာသင်္ဘောကြီး ကယ်လီဖိုးနီးယားကမ်းခြေတွင် ပြန်လည်ပေါ်ပေါက်လာ

၁၉၃၆ ခုနှစ်အတွင်း လောင်းကစားပွဲ၊ ပြည့်တန်ဆာတို့ဖြင့် နာမည်ကျော် အက်စ် အက်စ် မွန်တိုကာလိုဟူသည့် ပင်လယ်ပြင်အတွင်း ပျောက်ဆုံးသွားခဲ့သော သင်္ဘောသည် ပြင်းထန်တဲ့ အယ်လ်နီညို မုန်တိုင်းတွေကြောင့် နှစ်ပေါင်း ၈၀ လောက် ကြာမြင့်အပြီး မကြာသေးမီက ကယ်လီဖိုးနီးယားပြည်နယ်ကမ်းခြေမှာ ပြန်လည်ပေါ်ထွက်လာပါတယ်။

ဒီသင်္ဘောကို လူဆိုးဂိုဏ်းတွေပိုင်ဆိုင်ပြီး S.S. Monte Carlo လို ့ခေါ်ပါတယ်။ နှစ်သစ်ကူးနေ့မှာ ကိုရိုနာဒိုကမ်းခြေတောင်ပိုင်းမှာ နစ်မြှုပ်သွားခဲ့တာပါ။

သင်္ဘောပျက်အပိုင်းအစတွေကို ယခင်က မကြာခဏတွေ့ခဲ့ကြပေမယ့် အခုအခါမှာတော့ အယ်လ်နီညိုမုန်တိုင်းကြောင့် ထင်ထင်ရှားရှား ပြန်တွေ့ခွင့် ရခဲ့ပြီလို့ ဆိုနိုင်တယ်။

ပေ ၃၀၀ ရှည်တဲ့ S.S. Monte Carlo သင်္ဘောအကြောင်းကို လေ့လာကြည့်ရရင် ၁၉၂၁ ခုနှစ်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန် မြို့တော် မှာတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ အရင်က ဆီသယ်သင်္ဘောတစ်စင်း ဖြစ်ခဲ့ပြီး SS McKittrick လို့ခေါ်ပါတယ်၊

ပထမ ကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံမှာ သံမဏိလိုအပ်ချက်တွေရှိနေတာကြောင့် သမ္မတ ဝုဒ်ဒရိုး ဝီလ်ဆင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောက်လုပ်ခဲ့တဲ့ သင်္ဘော ၂၄ စင်းမှာ အက်စ်အက်စ် မွန်တီကာလိုလည်း ပါဝင်ခဲ့တယ်။

ဒီသင်္ဘောကို အမေရိကန်စစ်ဘက်က ၁၉၂၃ ခုနှစ်အထိ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ အက်ဒ် တာနာနဲ့ မာတင် စခိုးဝီလာတို့ထံ ရောင်းချခဲ့ပါတယ်။

သူတို့က လောင်းကစားလုပ်ငန်းတွေလုပ်တဲ့နေရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ရှေးယခင်တုန်းက အမေရိကမှာ အရက်သေစာထုတ်လုပ်ဖြန့်ဖြူးသုံးစွဲတာတွေ ပိတ်ပင်ထား တာကြောင့် မှောင်ခိုအရက်သေစာရောင်းဝယ်ရေးအပြင် တခြားဒုစရိုက်လုပ်ငန်းတွေကို ဖန်တီးပေးသလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၁၉၃၃ ခုနှစ်မှာ ဒီဥပဒေကို ရုပ်သိမ်းပေးခဲ့ပေမယ့် ဒီလိုရုပ်သိမ်းလိုက်တာကြောင့် ဒုစရိုက်လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့တော့ မဆိုနိုင်ပါဘူး။

ဘီယာနဲ့ အဖျော်ယမကာတွေကနေ ဖောဖာသီသီရခဲ့တဲ့ အမြတ်အစွန်းတွေကြောင့် လူဆိုးဂိုဏ်တွေက အားကောင်းကြီးထွားခဲ့ပြီးဖြစ်ပါတယ်။လူဆိုးဂိုဏ်းသားတွေထဲကတချို့ကတော့ လောင်းကစားနဲ ့ ပြည့်တန်ဆာကိစ္စတွေမှာ အာရုံစိုက်နေတုန်း အများစုကတော့ သူတို ့ရှာဖွေခဲ့တာတွေသုံးပြီး ဥပဒေဘောင်ထဲပြန်ဝင်နိုင်ဖို့နဲ့ တရားဝင်လိုင်စင်ရအဖျော်ယမကာ လုပ်ငန်းတွေမှာ အသုံးချခဲ့ကြတယ်။

S.S. Monte Carlo ဟာ အမေရိကန်ရဲ့ဥပဒေကိုရှောင်ရှားဖို့ အတွက် ကိုရိုနာဒို ကမး်ရိုးတန်းကနေ ရေမိုင်သုံးမိုင်အကွာ နိုင်ငံတကာ ရေပိုင်နက်မှာ ကျောက်ချထားခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့နဲ ့လောင်းဘိချ်ကြားက ကမ်းရိုးတန်းမှာ သင်္ဘောနဲ ့လောင်းကစားလုပ်ငန်း လုပ်ကိုင်တာ S.S Monte Carlo ဟာ ပထမဆုံးသင်္ဘောနဲ့ နောက်ဆုံးသင်္ဘော မဟုတ်ပါဘူး။

အတိအကျဆိုရရင် ဒီလိုသင်္ဘောတွေအနက် အကြီးမားဆုံးသင်္ဘောကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလောင်းကစားသင်္ဘောကြီးကို စတင်ဖွင့်လှစ်ခါက အချိန်တွေကဆိုရင် ရက်သတ္တတစ်ပတ်ကို လောင်းကစားသမားပေါင်း ၁၅၀၀၀ ကျော်လောက်ထိလာရောက်ခဲ့ကြပါတယ်။

တစ်နှစ်ကို အမြတ်အစွန်း ဒေါ်လာ သုံးသန်းလောက်ရခဲ့ပြီး ယနေခေတ်ငွေကြေးနဲ ့ဆိုရင် ဒေါ်လာ ၅၂ သန်းကျော်နဲ ့ညီမျှပါတယ်။

၁၉၃၇ ခုနှစ်၊ နှစ်သစ်ကူးနေ ့ နံနက်သုံးနာရီအချိန်မှာတော့ အားပြင်းတဲ့မုန်တိုင်းတစ်ခုက S.S. Monte Carlo ကို တောင်ကိုရိုနာဒို ကမ်းခြေထိ ဆွဲခေါ်လာခဲ့ပြီး နစ်မြုပ်စေခဲ့တာ ယနေ့ချိန်အထိပဲဖြစ်ပါတယ်။

သင်္ဘောဟာ တရားဥပဒေနဲ ့ဆန်ကျင်တာတွေလုပ်ခဲ့တာကြောင့် ဘယ်သူကမှ ပိုင်ဆိုင်ကြောင်းထုတ်ဖော် မပြောရဲကြဘူး။

S.S. Monte Carlo သင်္ဘောပျက်ကြီးထဲမှာ ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။

Credit – Cherie(ShweInnlay)