သခင္ျမပန္းျခံကေန လမ္းေလ်ွာက္ျပန္လာရင္း ေတြ႔ခဲ့ရတဲ့ ဧရာမ ေခါင္းအႀကီးႀကီးနဲ႔ ကေလးတစ္ေယာက္.. လံုး၀လူမျဖစ္ႏိုင္

သခင္ျမပန္းျခံကေန ေအာက္ၾကည္ျမင့္တိုင္လမ္း အတိုင္း လမ္းေလ်ွာက္ျပန္လာရင္း ေတြ႔ခဲ့ရတဲ့ အျဖစ္အပ်က္

မိုးဖြဲညရဲ႕ေၾကာက္စရာ…… အျဖစ္အပ်က္

မေန ့ညက..သခင္ျမပန္းျခံကေန ဌာနလမ္းကို ေအာက္ၾကည္ျမင့္တိုင္ လမ္း အတိုင္း လမ္းေလ်ွာက္ျပန္တယ္။

ည ၁ နာရီေလာက္၊ မိုးက ဖြဲဖြဲရြာေနတယ္။

ကြၽန္ေတာ္လည္း ထီးေလးေဆာင္းၿပီးခပ္သုတ္သုတ္ျပန္တာေပါ့။

ဂ်မခါနာ အေက်ာ္ေရာက္ေတာ့လမ္းမီးက နီက်င္က်င္နဲ႔။

မီးတိုင္ကို အေက်ာ္မွာကြၽန္ေတာ့္ေနာက္ကေန အရိပ္တစ္ခုကပ္လိုက္လာတာေတြ႕လိုက္တယ္။

အရိပ္က…လူက ကေလးကိုယ္လံုး၊​ေခါင္းႀကီးက အႀကီးႀကီးပဲ။

ကြၽန္ေတာ္စဥ္းစားတယ္။

ေခါင္းဒီေလာက္ အႀကီးႀကီးကိုထိန္းေလ်ွာက္ႏုိင္တဲ့ ကေလး ဆိုတာလူျဖစ္ႏိုင္ပါ့မလား။

ၾကက္သီးေတြ ထလာတယ္။

လမ္းမမွာ ကားတစ္စီးတစ္ေလမ်ားေတြ႔မလားဆိုေတာ့လည္း လံုးဝ႐ွင္းလို႔။

ကြၽန္ေတာ္ ေျခလွမ္းကို သြက္သြက္ေလွ်ာက္တယ္။

ေနာက္ ေျခသံက ကပ္ပါလာတုန္းပဲ။

လမ္းမီး တစ္တိုင္ေက်ာ္တိုင္း အဲ့ဒီ​ေခါင္းႀကီး ကိုယ္ေသး ကေလးသူရဲအရိပ္ကို ကိုယ့္ေ႐ွ႕ ကတၱရာလမ္းေပၚျမင္ေနရတယ္။

လွည့္လည္း မၾကည့္ရဲတာနဲ႔ အသားကုန္ေလ်ွာက္လိုက္တာ..ဌာနလမ္းေ႐ွ႕ ခ်န္ဘာဘီ မွတ္တိုင္ေရာက္ေတာ့ ထမင္းေၾကာ္ဆိုင္ေလး ဖြင့္ထားတာ သြားေတြ႔တယ္။

လူလည္း ေခြၽးေတြျပန္ၿပီး​ေတာ္ေတာ္ေမာေနၿပီ။

ထမင္းဆိုင္ မီးအလင္းေရာင္ေလးထဲဝင္လိုက္ေရာ….

အဲ့ဒီဆိုင္က ကတံုးမ ဆိုတဲ့ ကေလးမ က ကြၽန္ေတာ့္ ေနာက္ ကို အလန္႔တၾကားၾကည့္ရင္း ထေအာ္တယ္

“ဟဲ့…တိုးတက္ထြန္း…နင္..မုန္႔ဖက္ထုပ္က ကုန္ၿပီလား..ထီးမပါ ဘာမပါနဲ႔..ဟယ္..ဖ်ားဦးမယ္” တဲ့။

ဒီေတာ့ ေနာက္လွည့္ၾကည့္လိုက္မွ..တိုးတက္ထြန္း ဆိုတဲ့ မေအေပး မုန္႔ဖက္ထုပ္သည္ေလးက ကုန္သြားတဲ့ သူ႔မုန္႔ဖက္ထုတ္ေတာင္းကို ေခါင္းမွာေစာင္းၿပီး ကြၽန္ေတာ့္ေနာက္ကလိုက္လာတာကိုးဗ်။

မသာေလးက ေျပာေသးတယ္ ‘သားက သရဲေၾကာက္လို႔ ဒီဦးေလးေနာက္ အမီလိုက္တာ…ဒီဦးေလးက လည္း လမ္းေလ်ွာက္တာ ျမန္လိုက္တာဗ်ာ’ တဲ့။

ငါလူးမကေလး…။

#crd

Marvin Smith Fb မွတဆင့္ကူယူေဖာ္ျပပါသည္

=============

သခင်မြပန်းခြံကနေ အောက်ကြည်မြင့်တိုင်လမ်း အတိုင်း လမ်းလျှောက်ပြန်လာရင်း တွေ့ခဲ့ရတဲ့ အဖြစ်အပျက်

မိုးဖွဲညရဲ့ကြောက်စရာ…… အဖြစ်အပျက်

မနေ ့ညက..သခင်မြပန်းခြံကနေ ဌာနလမ်းကို အောက်ကြည်မြင့်တိုင် လမ်း အတိုင်း လမ်းလျှောက်ပြန်တယ်။

ည ၁ နာရီလောက်၊ မိုးက ဖွဲဖွဲရွာနေတယ်။

ကျွန်တော်လည်း ထီးလေးဆောင်းပြီးခပ်သုတ်သုတ်ပြန်တာပေါ့။

ဂျမခါနာ အကျော်ရောက်တော့လမ်းမီးက နီကျင်ကျင်နဲ့။

မီးတိုင်ကို အကျော်မှာကျွန်တော့်နောက်ကနေ အရိပ်တစ်ခုကပ်လိုက်လာတာတွေ့လိုက်တယ်။

အရိပ်က…လူက ကလေးကိုယ်လုံး၊​ခေါင်းကြီးက အကြီးကြီးပဲ။

ကျွန်တော်စဉ်းစားတယ်။

ခေါင်းဒီလောက် အကြီးကြီးကိုထိန်းလျှောက်နိုင်တဲ့ ကလေး ဆိုတာလူဖြစ်နိုင်ပါ့မလား။

ကြက်သီးတွေ ထလာတယ်။

လမ်းမမှာ ကားတစ်စီးတစ်လေများတွေ့မလားဆိုတော့လည်း လုံးဝရှင်းလို့။

ကျွန်တော် ခြေလှမ်းကို သွက်သွက်လျှောက်တယ်။

နောက် ခြေသံက ကပ်ပါလာတုန်းပဲ။

လမ်းမီး တစ်တိုင်ကျော်တိုင်း အဲ့ဒီ​ခေါင်းကြီး ကိုယ်သေး ကလေးသူရဲအရိပ်ကို ကိုယ့်ရှေ့ ကတ္တရာလမ်းပေါ်မြင်နေရတယ်။

လှည့်လည်း မကြည့်ရဲတာနဲ့ အသားကုန်လျှောက်လိုက်တာ..ဌာနလမ်းရှေ့ ချန်ဘာဘီ မှတ်တိုင်ရောက်တော့ ထမင်းကြော်ဆိုင်လေး ဖွင့်ထားတာ သွားတွေ့တယ်။

လူလည်း ချွေးတွေပြန်ပြီး​တော်တော်မောနေပြီ။

ထမင်းဆိုင် မီးအလင်းရောင်လေးထဲဝင်လိုက်ရော….

အဲ့ဒီဆိုင်က ကတုံးမ ဆိုတဲ့ ကလေးမ က ကျွန်တော့် နောက် ကို အလန့်တကြားကြည့်ရင်း ထအော်တယ်

“ဟဲ့…တိုးတက်ထွန်း…နင်..မုန့်ဖက်ထုပ်က ကုန်ပြီလား..ထီးမပါ ဘာမပါနဲ့..ဟယ်..ဖျားဦးမယ်” တဲ့။

ဒီတော့ နောက်လှည့်ကြည့်လိုက်မှ..တိုးတက်ထွန်း ဆိုတဲ့ မအေပေး မုန့်ဖက်ထုပ်သည်လေးက ကုန်သွားတဲ့ သူ့မုန့်ဖက်ထုတ်တောင်းကို ခေါင်းမှာစောင်းပြီး ကျွန်တော့်နောက်ကလိုက်လာတာကိုးဗျ။

မသာလေးက ပြောသေးတယ် ‘သားက သရဲကြောက်လို့ ဒီဦးလေးနောက် အမီလိုက်တာ…ဒီဦးလေးက လည်း လမ်းလျှောက်တာ မြန်လိုက်တာဗျာ’ တဲ့။

ငါလူးမကလေး…။

#crd

Marvin Smith Fb မှတဆင့်ကူယူဖော်ပြပါသည်