ကိုရီးယားအဆိုတော်အဖွဲ့ BTS ကိုဝေဖန်ခဲ့မှုကြောင့် ပြသနာတက်နေပြီးဖြစ်တဲ့ သြစတေးလျတီဗီရှိုးတစ်ခု

BTS လို့ပြောလိုက်ရင် နိုင်ငံတကာကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ ကိုရီးယားအဆိုတော်အဖွဲ့တစ်ခုမှန်း လူတိုင်းသိကြမှာပါ။ သူတို့ဟာကိုရီးယားမှာတင်မကပဲ နိုင်ငံတကာမှာပါအောင်မြင်နေတဲ့အပြင် အမေရိကန်အဆိုတော်တွေနဲ့လဲ သီချင်းတွေပူးပေါင်းထွက်ရှိထားပါတယ်။ ဒါ့အပြင်ကို နိုင်ငံတကာမှာအင်အားတောင့်တင်းတဲ့ ARMYလို့အမည်ရတဲ့ ပရိသတ်တွေကိုပိုင်ဆိုင်ထားတာပါ။ ဒီလိုအဖွဲ့မျိုးကိုမှ သြစတေးလျတီဗီရှိုးတစ်ခုကစနောက်တဲ့သဘောနဲ့ သူတို့ရဲ့ပရိတ်သတ်တွေကိုပါ ဝေဖန်မိလိုက်တဲ့အခါမှာတော့ ပြသနာအကြီးအကျယ်တက်လို့သွားခဲ့ပါတယ်။

အဲ့ဒီတီဗီရှိုးထဲမှာတော့ BTS အဖွဲ့အပေါ် ဝေဖန်ခဲ့တာတွေအပြင် ကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ ကမ္ဘာကုလသမ္မဂမှာမိန့်ခွန်းပြောခဲ့တဲ့အပေါ်မှာ ဆံပင်နဲ့ပတ်သတ်တဲ့ထုတ်ကုန်ကိုရောင်းနေတာလားလို့ပြောခဲ့တဲ့မှတ်ချက်တွေ၊ ပရိတ်သတ်တွေကိုလွန်ကျွံစွာဝေဖန်ခဲ့တာတွေရယ်၊ BTS အဖွဲ့ကိုတစ်ခါမှမကြားဖူးဘူးလို့ပြောခဲ့တာတွေရယ်ကြောင့် ပရိတ်သတ်တွေကဒေါသအကြီးအကျယ်ထွက်ခဲ့ကြပါတယ်။

အဲ့ဒီတီဗီရှိုးအစီအစဉ်ကတော့  20 to 1 ဖြစ်ပြီး အခုအခါမှာ နိုင်ငံတကာပရိတ်သတ်တွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့အတူ တီဗီရှိုးကိုပိတ်ပစ်ဖို့တောင်းဆိုထားခြင်းတွေကိုပါခံနေရတာပါ။ ဒီလိုမျိုးဖြစ်တာဟာ ဒါဟာပထမအကြိမ်မဟုတ်ပါဘူး။ ယခင်က အီဂျစ်တီဗီရှိုးတခုမှာလဲအလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ပြီး အဲ့ဒီအစီအစဉ်ရဲ့အစီအစဉ်တင်ဆက်သူတွေဟာ အသက်အန္တာရယ်ခြိမ်းခြောက်မှုတွေပါကြုံတွေခဲ့ရလို့ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

အခုတီဗီရှိုးရဲ့အစီအစဉ်တင်ဆက်သူတယောက်ကတော့ မတောင်းပန်ပဲပရိသတ်တွေကိုရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေနဲ့သာပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Yenin Phawah ( Apannpyay)

Resource: https://www.allkpop.com/article/2019/06/australian-talk-show-20-to-one-under-fire-for-racist-and-disrespectful-comments-towards-bts

Video Link: https://youtu.be/ADVSnjvBUWs