ကမ္ဘာ့အလှဆုံးလို့သတ်မှတ်ခံထားရတဲ့ကြောင်ကလေးများ

ကြောင်ကလေးတွေဟာ လူပေါင်းများစွာရဲ့ နှလုံးသားကိုသိမ်းပိုက်ထားတဲ့ အိမ်မွေးတိရစ္ဆာန်ကလေးတွေပါ။ တချို့ကြောင်ကလေးတွေဟာ အမွှေးလှကြပြီး တစ်ချို့ကြောင်ကလေးတွေဟာမျက်လုံးလှကြပါတယ်။ အဲ့အထဲမှာမှနာမည်လည်းကြီးပြီး တစ်ကမ္ဘာလုံးက အလှဆုံးလို့သတ်မှတ်ထားတဲ့ကြောင်ကလေးတွေအကြောင်းပြောပြချင်ပါတယ်။

(၁) Thor

Thor လို့အမည်ပေးခံထားရတဲ့ဒီကြောင်ကလေးဟာ Bengal အမျိုးအစားကြောင်ကလေးဖြစ်ပြီး သူ့ကိုတော့ တစ်ကမ္ဘာလုံးက ကမ္ဘာ့အလှဆုံးကြောင်မွှေးတွေကိုပိုင်ဆိုင်ထားတယ်လို့ အသိအမှတ်ပြုထားတာပါ။ လိမ္မော်နုရောင်အမွေးနုနုပေါ်မှာပါ ၀င်လာတဲ့ ပြောင်လက်နေတဲ့အနက်ရောင်အစင်းကျားတွေကသူ့ကိုခန့်ထည်နေစေပါတယ်။ အစိမ်းရောင် မျက်လုံးတွေကလည်းသူ့ရဲ့အမွှေးအရောင်နဲ့ပနံသင့်လို့နေပါတယ်။

(၂) Smoothie

Smoothie လို့အမည်ရတဲ့ဒီကြောင်ကလေးကတော့ ဓာတ်ပုံအစားဆုံးကြောင်ကလေးလို့သတ်မှတ်ခြင်းခံထားရပါတယ်။ ဒီကြောင်ကလေးဟာ အမွှေးပွကြောင်အမျိုးအစားဖြစ်ပြီး ဆင်စွယ်ရောင်နဲ့ အညိုရောင်ကြား အရောင်ပြေးကလေးတွေနဲ့လှပတဲ့အမွှေးတွေကိုပိုင်ဆိုင်ထားပါတယ်။ ကျောက်စိမ်းအရောင်မျက်လုံးတွေနဲ့တွဲဖက်လိုက်တဲ့အခါမှာတော့ ဓာတ်ပုံတိုင်းမှာ လှပနေတာမလွဲမသွေပါပဲ။

(၃) Coby

လှပတဲ့အပြာရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားတဲ့ဒီကြောင်လေးဟာ ကမ္ဘာ့အလှဆုံးကြောင်မျက်လုံးတွေကိုရရှိထားတဲ့ ကြောင်ကလေးဆိုပြီး သတ်မှတ်ခြင်းခံထားရတာပါ။

သူရဲ့ဓာတ်ပုံလေးတွေကိုကြည့်လိုက်ပြီး Cobyလေးရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင် စိတ်အေးချမ်းမှုကိုခံစားရတယ်လို့ တင်စားကြပါသတဲ့။

(၄)Venus

အလှနတ်သမီးရဲ့နာမည်နဲ့ကြောင်ကလေးဟာထူးထူးခြားခြား မတူကွဲပြားနဲ့အရောင်နှစ်ရောင်ကိုတစ်ဝက်ဆီစပ်ထားတဲ့ ကြောင်ကလေးပါ။ မျက်လုံးနှစ်လုံးရဲ့အရောင်ကလည်းကွဲပြားပြီး ထူးခြားစွာလှပလို့နေပါတယ်။

(၅) Iriss နှင့် Abyss

ဒီကြောင်လေးနှစ်ကောင်ကတော့ အမွှာကြောင်လေးတွေဖြစ်ပြီး သူတို့ဟာဖြူဖွေးသန့်စင်တဲ့အဖြူရောင်အမွှေးအောက်ခံမှာ လှပတဲ့ အပြာနုရောင်မျက်လုံးလေးတွေနဲ့ပယင်းရောင်မျက်လုံးလေးတွေကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အမွှာကြောင်လေးတွေထဲမှာအလှဆုံးလို့ချီးကျူးတာကိုခံထားရပါတယ်။

Yenin Phawah ( Apannpyay)

Resource: Google